ဆင်ဖြူချပ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မိဘမဲ့၊တိုင်းရင်းသား၊ဆင်းရဲနွမ်းပါး) ကလေးငယ်များပြုစုစောင့်ရှောက်ရေးနှင့်ပညာသင်ကြားရေး

11.11.12

ကိုသန်းဌေးအောင် +မနှင်းနှင်းအေး ၊ (နှင်းသဇင် အော့ဖ်ဆက်) မိသားစုအလှူ (၉-၁၁-၂၀၁၂)

မန္တလေးမြို့ အမှတ် (၃၇၆) ၊ လမ်း ၈၀ ၊ ၂၂ x ၂၃ လမ်းကြား နှစ်ဖက်သော အဖိုး ၊ အဖွား များနှင့် ဆရာမကြီး ဒေါ်အေးမြင့် (၃)နှစ်ပြည့် အား ရည်စူး၍ ဆရာကြီး ဦးဌေးအောင် (မဟာသဒ္ဓမ္မ ဇောတိကဓဇ) (သား) ကိုသန်းဌေးအောင် +မနှင်းနှင်းအေး ၊ (နှင်းသဇင် အော့ဖ်ဆက်) မိသားစုတို့က ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အတွက်
(၁) ဆရာ၊ ဆရာများ နားနေဆောင် ၄၀၀၀၀၀၀ ( သိန်းလေးဆယ်) ကျပ်
(၂) ဆွမ်းပဒေသာပင်                   ၂၀၀၀၀၀ (နှစ်သိန်း) ကျပ်
(၃) ဆွမ်းတစ်နေ့တာ အာဟာရ       ၁၅၀၀၀၀(တစ်သိန်းငါးသောင်း ) ကျပ်
(၄) ကျောင်းစိမ်း ၊ အဖြူပိတ်အုပ်        ၃၀၀၀၀၀ (သုံးသိန်း) ကျပ်
(၅) ဗလာစာအုပ် (၄၈)ဒါဇင်               ၅၀၀၀၀ (ငါးသောင်း ) ကျပ်
(၆) စာကြည့်တိုက် စာအုပ်စင် ၁ စင်     ၇၀၀၀၀ ( ခုနှစ်သောင်း ) ကျပ်
(၇) မြင့်မြင့်ခင် မုန့်ကျွတ် (၅၀၀)ထုပ်     ၄၃၅၀၀ ( လေးသောင်းသုံးထောင့်ငါးရာ) ကျပ်
(၈) ရေသန့် (၄)ကဒ်                         ၃၄၀၀ (သုံးထောင့်လေးရာ)ကျပ်
တို့ကိုလှူဒါန်းပါသည်။
ဤအလှူပွဲ၌ လိုက်ပါလာကြသော ဆွေမျိုးမိတ်ဆွေ အပေါင်းတို့က အများပေါင်းစု၍ ပညာရေးပဒေသာပင် အတွက် အလှူငွေ ၁၄၀၀၀၀ (တစ်သိန်းလေးသောင်း) ကျပ် ကိုလည်းကောင်း ၊ ကိုအောင်ကိုမောင်+မငယ် မိသားစုတို့က ပန်ကာ (၁)လုံးကိုလည်းကောင်း ၊ ကိုတင်ကို+မဆွေဆွေ တို့က မြင်းခြံမြို့မှ ဇီးယို အထုပ် (၅၀၀)တို့ကို လှူဒါန်းကြပါသည်။

No comments:

Post a Comment