ဆင်ဖြူချပ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မိဘမဲ့၊တိုင်းရင်းသား၊ဆင်းရဲနွမ်းပါး) ကလေးငယ်များပြုစုစောင့်ရှောက်ရေးနှင့်ပညာသင်ကြားရေး

5.11.12

မစိုးအိမ့်နဒီ ကျောင်းဆောင်ရေစက်ချအလှူ (၂၈-၁၀-၂၀၁၂)

မန္တလေးမြို့ ကိုတင်မြင်စိုး+မခင်မျိုးဝင်း တို့၏သမီးငယ် မစိုးအိမ့်နဒီအား ရည်စူး၍ ဆောက်လုပ်လှူဒါန်းအပ်သော မစိုးအိမ့်နဒီကျောင်းဆောင်ကို ရေစက်ချ လှူဒါန်းပွဲ၌ ကျောင်းဆောင်အလှူရှင်များ ဖြစ်ကြသည့် ကိုတင်မြင့်စိုး+မခင်မျိုးဝင်း (သား) အောင်ခန့်ဇော်၊ ကောင်းခန့်ဇော် မိသားစုတို့ က ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အား ကျောင်းဆောင်အတွက် အလှူငွေ ၄၀၀၀၀၀၀ (သိန်းလေးဆယ်) ကျပ်၊ နေ့ဆွမ်းအတွက် အလှူငွေ ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကျပ် ၊စာကြည့်တိုက်အတွက် အလှူငွေ ၅၀၀၀၀၀ (ငါးသိန်း)ကျပ် တို့ကို လှူဒါန်းပါသည်။
ထိုအလှူပွဲ၌
(၁) အများစုပေါင်းအလှူငွေ ၁၈၅၀၀၀ (တစ်သိန်းရှစ်သောင်းငါးထောင်) ကျပ်
(၂)ဆရာ မကြီး ဒေါ်အေးမြင့် (၃)နှစ်ပြည့်အား ရည်စူး၍ ဆရာကြီး ဦးဌေးအောင် (မဟာသဒ္ဓမ္မ ဇောတိကဓဇ) (သား) ကိုသန်းဌေးအောင် +မနှင်းနှင်းအေး ၊ (နှင်းသဇင် အော့ဖ်ဆက်) မှ စာအုပ်စင်တစ်စင်
(၃)သား မောင်ထက်မြတ်ဝင်းနိုင်အား ရည်စူး၍ ကိုဝင်းနိုင်+မနွယ်နွယ်မာ (သမီး) ကေသီဝင်းနိုင် ၊ မီမီဝင်းနိုင် မန္တလေးမြို့ ရုံးသာရပ်မှ စာအုပ်စင်တစ်စင်
(၄) မန္တလေးမြို့ နှစ်ဖက်သော မိဘများအား အမှူးထား၍ ဦးမျိုးမင်း+ဒေါ်နွယ်နီ (သမီး) မျိုးသီတာထွန်း၊ မျိုးကေသီထွန်း (သား) ထက်အောင်ကို မိသားစုတို့က စာအုပ်စင်တစ်စင်
(၅)မန္တလေးမြို့ ဦးသက်ထွန်း+ဒေါ်သန်းသန်းခိုင် (သား) ဇင်မင်းဦး (သမီး)နွေးနွေးထွန်း မိသားစုတို့က ပန်ကာနှစ်လုံး
(၆) မန္တလေးမြို့ ဦးမိုးအောင်+ဒေါ်မြင့်မြင့် (သမီး) ကိုကျော်ဝင်းထွန်း+မမိုးမြင့်သူ( မြည်း) ဘေဘီမိုးမြင့် မိသားစုတို့က ပန်ကာတစ်လုံး
(၇) ကျောင်းဆောင်အလှူရှင်မိသားစုတို့က ပန်ကာနှစ်လုံး
(၈)ကိုမြင့်သောင်း+မပွင့်ဖြူ မိသားစုတို့က ဘီစကွတ်မုန့် အထုပ် ငါးရာ တို့ကိုလှူဒါန်းပါသည်။

No comments:

Post a Comment