ဆင်ဖြူချပ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မိဘမဲ့၊တိုင်းရင်းသား၊ဆင်းရဲနွမ်းပါး) ကလေးငယ်များပြုစုစောင့်ရှောက်ရေးနှင့်ပညာသင်ကြားရေး

အတ္ထုပ္ပတ္တိနှင့် ဆောင်ရွက်ချက်များ


ကျောက်ဆည်မြို့၊ ပတ္တာအုပ်စု၊ မြင်စိုင်းအမှတ်(၁)ရပ်ဆင်ဖြူချပ်ကျောင်း
ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးနှင့်ပညာသင်ကြားရေး
ပရဟိတနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ဆင်ဖြူချပ်ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးနှင့် ပညာသင်ကြားရေး ၊  ပရဟိတနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၁၃၇၀-ပြည့်နှစ်၊ နတ်တော်လ္ဆန်း(၃)ရက်နေ့မှစ၍ ယခုအချိန်အထိ တာဝန်ယူဦးဆောင်၍ဆာင်ရွက်ခဲ့နေသော ပုဂ္ဂိုလ်မှာ အရှင်စိန္တာဝရ (ဒါရကဟိတ) ဖြစ်ပါသည်။

မူဝါဒ 
(၁) ကလေးငယ်များအားလုံး စာတတ်မြောက်စေရန် ၊
(၂)  မရှိတာ ငှား၍ ရသော်လည်း မသိတာ ငှား၍မရသောကြောင့် အသိအလိမ္မာ တရား ရှိစေရန်၊
(၃) စာတတ်မြောက်ကြ၍ နိုင်ငံ့သားကောင်း ၊ သမီးကောင်းများ မဖြစ်သော်လည်း နိုင်ငံ၏ဆူးငြောင့်   ခလုတ်များ မဖြစ်စေရန်၊
(၄) ဘာသာ ၊ တိုင်းပြည် ၊ လူမျိုးတို့၏ အရင်းအမြစ် မျိုးဆက်သစ်များဖြစ်စေရန်၊
(၅) လူ့လောကအတွင်း ၀မ်းစာရေးကို ရှာဖွေရာ၌ သမ္မာအာဇီဝ ကျစွာ ရှာဖွေရန်အတွက် လက်မှုအတတ်ပညာများ သင်ကြားတတ်မြောက်စေရန်၊

ကလေးတို့အတွက် ဆောင်ရွက်ချက်
(၁) အခြေခံပညာများကို မူလတန်းမှ အလယ်တန်းထိ ကျောင်းဝန်းအတွင်း၌ပင် သင်ကြားပေးခြင်း၊
(၂) အထက်တန်းပညာနှင့်တကွ တက္ကသိုလ်ဘွဲ့ရပြီးသည်အထိ သင်ကြားမှုထောက်ပံ့ပေးခြင်း၊
(၃) အခြေခံပညာများသင်ကြားပေးရာဝယ် စာရေးကိရိယာများ၊ ဖတ်စာအုပ်များကို အခမဲ့ ထောက်ပံ့ပေးခြင်း၊
(၄) ကျောင်းသား ၊ကျောင်းသူ များအားလုံးတို့ကို ကျောင်းဝင်ကြေးမှအစ မည်သည့် အကြောင်းကိစ္စတို့ကြောင့်မျှ ငွေကြေး မကောက်ခံခြင်း၊
(၅) အ၀တ်အထည်များ၊ ဖိနပ်များ အစရှိသည်ဖြင့် ထောက်ပံ့ ပေးခြင်း၊
(၆) ကစားချိန်တွင် ပျော်ရွှင်စွာ ဆော့ကစားနိုင်စေရန်အတွက် ကလေးကစားကွင်းများ တည်ဆောက်ပေးခြင်း၊
(၇) နေ့စဉ်နေ့တိုင်း ထမင်း၊ အဟာရကျွေးမွေးပြီး ၊ ရံဖန်ရံခါ မုန့်ပဲ သရေစာများကျွေးမွေးခြင်း၊
(၈) ကျန်းမာရေး မကောင်းပါလျှင် သာမန်ဖျားနာသည်မှအစ ဆေးရုံတက်သည်အထိ တာဝန်ယူ ကုသပေးခြင်း၊
(၉) တစ်စုံတစ်ခုသော အကြောင်းကြောင့် အတန်းပညာ ကို သင်ကြားဖို့ရန် ခက်ခဲကြသော ကျောင်းသား၊ကျောင်းသူ တို့အား အသက်ပွေးဝမ်းကြောင်း အတတ်ပညာများ သင်ကြားပေးခြင်း၊
(၁၀) နွေရာသီ စာသင်ကျောင်းများ ကျောင်းပိတ်ချိန် တွင် အပြောအဆို၊ အနေအထိုင်၊ အစားအသောက်တို့ကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ လိမ္မာယဉ်ကျေး အောင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ် သင်ကြားပေးခြင်း၊
စသည်တို့ဖြင့် ကလေးငယ်များအတွက် တတ်စွမ်းသမျှ ဆောင်ရွက် ပေးနေပါသည်။

No comments:

Post a Comment