ဆင်ဖြူချပ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မိဘမဲ့၊တိုင်းရင်းသား၊ဆင်းရဲနွမ်းပါး) ကလေးငယ်များပြုစုစောင့်ရှောက်ရေးနှင့်ပညာသင်ကြားရေး

16.10.12

မောင်စိုင်းကောင်းခန့်ဝင်း၏ မွေးနေ့အလှူ (၁၅-၁၀-၂၀၁၂)

မန္တလေးမြို့ ၃၉လမ်း ၈၀x၈၁ ကြား အမှတ်(၅၄) နေ ဦးမြင့်မောင်+ဒေါ်နန်းအေးရွှေတို့၏သား မောင်စိုင်းကောင်းခန့်ဝင်း ၏ (၁၀)နှစ်ပြည့် မွေးနေ့၌ ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အား
(၁) နေ့ဆွမ်းအာဟာရအတွက် ၁၅၀၀၀၀(တစ်သိန်းငါးသောင်း)ကျပ်
(၂) ကုဋိ ၂လုံးအတွက် ၇၀၀၀၀၀(ခုနှစ်သိန်း)ကျပ်
(၃) ဖော့ပြား (၄၀)ထုပ်
(၄) ကျောင်းသားကျောင်းသူများအတွက် ဆေးဝါးများ ၊ စာအုပ်၊ခဲတံ၊ဘောပင် များကိုလှူဒါန်းပါသည်။
ထိုအလှူပွဲတွင် မန္တလေးမြို့ မြတ်မွန်အပ်ချုပ်ဆိုင်မှလည်း နေ့ဆွမ်းအတွက် ၁၅၀၀၀၀(တစ်သိန်းငါးသောင်း)ကျပ်ကို လှူဒါန်းပါသည်။
ကြယ်ဖြူ ဆေးကုသရေးအဖွဲ့မှလည်း ကျောင်းသား ကျောင်းသူတို့ကို ကျန်းမာရေးအတွက် ဆေးကုသစောင့်ရှောက်မှု ပေးပါသည်။

No comments:

Post a Comment