ဆင်ဖြူချပ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မိဘမဲ့၊တိုင်းရင်းသား၊ဆင်းရဲနွမ်းပါး) ကလေးငယ်များပြုစုစောင့်ရှောက်ရေးနှင့်ပညာသင်ကြားရေး

24.9.12

ကွယ်လွန်သူ မောင်ကောင်းမြတ်သူ(တစ်လ)ပြည့် ရည်စူးအလှူ(၂၄-၉-၂၀၁၂)

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် အကွက် (၁၂၅) ရွှေပြည်အရှေ့ရပ်နေ ကွယ်လွန်သူ မောင်ကောင်းမြတ်သူ (တစ်လ)ပြည့်အား ရည်စူး၍ အဖွားဒေါ်ယဉ်မေ မိဘများဖြစ်သော ဦးမျိုးလွင်+ဒေါ်ပြုံးယဉ်ဝင်း တို့က ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အားနေ့ဆွမ်းအာဟာရနှင့် သင်္ကန်းဒွိစုံ (၁)စုံ လှူဒါန်းပါသည်။ ကွယ်လွန်သူ မောင်ကောင်းမြတ်သူ အား ရည်စူး၍ အလှူပွဲ လိုက်ပါလာကြသော ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့က စုပေါင်း၍ ပညာရေးပဒေသာပင်အတွက် အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်တို့ကို စိုက်ထူလှူဒါန်းပါသည်။

1 comment: