ပြင်ဦးလွင် မြို့ မီးရထားဝင်း ၊ ရပ်ကွက်ကြီး(၇) "ရတီဦး" စာပေ မနှင်းဝတီဦး၊ မနှင်းရတီဦး နှင့် သူငယ်ချင်းများ စုပေါင်း၍ ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊
ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အား
(၁) အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်
(၂) ဗလာစာအုပ် ဒါဇင် (၂၀)
(၃) ခဲတံ ဒါဇင် (၁၆) တို့ကို လှူဒါန်းပါသည်။
ဘာသာ, တိုင်းပြည်, လူမျိုးတို့၏အရင်းအမြစ် မျိုးဆက်သစ်။ မျိုးဆက်သစ်တို့ ၊ ပွင့်လန်းဖို့ ၊ ငါတို့ပါဝင်ကူညီစို့ ။
Pages
ရိုသေမြတ်နိုးရိုခိုးပါ၏
Labels
24.9.12
ကွယ်လွန်သူ မောင်ကောင်းမြတ်သူ(တစ်လ)ပြည့် ရည်စူးအလှူ(၂၄-၉-၂၀၁၂)
မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် အကွက် (၁၂၅) ရွှေပြည်အရှေ့ရပ်နေ ကွယ်လွန်သူ မောင်ကောင်းမြတ်သူ (တစ်လ)ပြည့်အား ရည်စူး၍ အဖွားဒေါ်ယဉ်မေ မိဘများဖြစ်သော ဦးမျိုးလွင်+ဒေါ်ပြုံးယဉ်ဝင်း တို့က ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊
ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အားနေ့ဆွမ်းအာဟာရနှင့် သင်္ကန်းဒွိစုံ (၁)စုံ လှူဒါန်းပါသည်။ ကွယ်လွန်သူ မောင်ကောင်းမြတ်သူ အား ရည်စူး၍ အလှူပွဲ လိုက်ပါလာကြသော ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့က စုပေါင်း၍ ပညာရေးပဒေသာပင်အတွက် အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်တို့ကို စိုက်ထူလှူဒါန်းပါသည်။
"ဇော်မိတ်" မိသားစုအလှူတော်(၂၄-၉-၂၀၁၂)
ကျောက်ဆည်မြို့ ကံဦးရပ် ဦးသန်းဌေး+ ဒေါ်စန်းစန်းမေ" ဇော်မိတ်" ဆေးဆိုင်တို့၏ သမီး မမြမြမိုး၏ (၂၀)နှစ်ပြည့် မွေးနေ့၌ ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊
ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အား အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် လှူဒါန်းပါသည်။
ကျောက်ဆည်မြို့ ကံဦးရပ် ဦးထွန်းမြင့် (သား) မောင်ပြည့်ဖြိုးထွန်း၊ (သမီး) မအိအိဖြိုး " ဇော်မိတ်" စားသောက်ဆိုင် မိသားစုတို့က ၂၉ -၉-၂၀၁၂ နေ့တွင် ကျရောက်သော ဦးထွန်းမြင့်၏ မွေးနေ့အကြိုဖြင့် အလှူငွေ ၁၁၀၀၀၀(တစ်သိန်းတစ်သောင်း)ကျပ် လှူဒါန်းပါသည်။
ကျောက်ဆည်မြို့ ကံဦးရပ် ဦးထွန်းမြင့် (သား) မောင်ပြည့်ဖြိုးထွန်း၊ (သမီး) မအိအိဖြိုး " ဇော်မိတ်" စားသောက်ဆိုင် မိသားစုတို့က ၂၉ -၉-၂၀၁၂ နေ့တွင် ကျရောက်သော ဦးထွန်းမြင့်၏ မွေးနေ့အကြိုဖြင့် အလှူငွေ ၁၁၀၀၀၀(တစ်သိန်းတစ်သောင်း)ကျပ် လှူဒါန်းပါသည်။
23.9.12
ဒေါ်ပုမိသားစုအလှူ ( ၂၃-၉-၂၀၁၂)
ကျောက်ဆည်မြို့ မြို့ဦးရပ် ဒေါ်ပုမိသားစုတို့ကဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့ကို နေ့ဆွမ်းအာဟာရ ကျွေးမွေး လှူဒါန်းရန် အတွက် အလှူတော်ငွေ ၂၀၀၀၀၀ (နှစ်သိန်း) ကျပ်ကို လှူဒါန်းပါသည်။
လိုက်ပါလာကြသော ဆွေမျိုး မိတ်သင်္ဂဟတို့ကလည်း ပညာရေးပဒေသာပင် တစ်ပင်လျှင် ၁၀၀၀၀(တစ်သောင်း)ကျပ် နှုန်းဖြင့် ပဒေသာပင် ကိုးပင် ၉၀၀၀၀(ကိုးသောင်း)ကျပ်ကို စိုက်ထူလှူဒါန်းကြပါသည်။
မဇူးဇူးလှိုင် ၏ ၂ နှစ်ပြည့် မွေးနေ့အလှူ (၁၄-၉-၂၀၁၂)
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ သံ/ အနောက် (၃၇၄) မင်းကုန်းရပ် ကိုရဲနောင်+ မအိအိဝင်း တို့၏ သမီး မဇူးဇူးလှိုင်၏ ၂ နှစ်ပြည့်မွေးနေ့၌ ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့ကို နေ့ဆွမ်းအာဟာရ ကျွေးမွေး လှူဒါန်းပါသည်။
ထို အလှူပွဲ၌
(၁) ဦးမျိုး+ဒေါ်ရီရီခိုင် (သမီး )မယုယုအောင် ၊မဒီဇင်လှိုင် မိသားစုတို့က ဗလာစာအုပ် (၄၂) ဒါဇင်၊ ခဲတံ
(၅၀၀) ချောင်း ၊ခဲဖျက် (၅၀၀)ခု။
(၂) ဦးခင်မောင်ဝင်း+ဒေါ်မြင့်ရီ မိသားစုတို့က စတီးဇလုံကြီး (၅)လုံး။
(၃) ကိုကျော်စွာဝင်း + မနွယ်နွယ်ဝင်းမိသားစုတို့က ဟင်းလိုက်ချိုင့် (၅)လုံးနှင့် ဇွန်းကြီး (၅)ချောင်း။
(၄) ကိုမင်းမင်းသန့် အားရည်စူး၍ ဒေါ်စံပယ်အေးမှ ချိုချဉ်များ လှူဒါန်းကြပါသည်။
မဟန်နွေညိမ်း ၏ (၃) နှစ်ပြည့် မွေးနေ့အလှူ (၁၅-၉-၂၀၁၂)
မန္တလေးမြို့ ၃၁ လမ်း၊ ၈၆ x၈၇ လမ်းကြား ကိုတင်ဦး + မကျော့ကျော့ခိုင်တို့ ၏
သမီးငယ် မဟန်နွေညိမ်း ၏ (၃) နှစ်ပြည့် မွေးနေ့ ၌ ဆင်ဖြူချပ်ပရဟိတနှင့်
ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊
ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့ကို နေ့ဆွမ်းအာဟာရ ကျွေးမွေး
လှူဒါန်းပါသည်။ မွေးနေ့ပွဲ လိုက်ပါလာကြသော ဆွေမျိုး၊ မိတ်ဆွေတို့ကလည်း
ပညာရေးပဒေသာပင်အတွက် အလှူငွေ ၈၀၀၀၀ (ရှစ်သောင်း) ကျပ် လှူဒါန်းကြပါသည်။
ဦးမောင်မောင်ဝင်း (ရွှေလိပ်ပြာစတီးရောင်းဝယ်ရေး) မွေးနေ့အကြိုအလှူ (၁၅-၉-၂၀၁၂)
မန္တလေးမြို့ ၃၅ လမ်း၊ ၈၁x၈၂ လမ်းကြား ဦးမောင်မောင်ဝင်း+ဒေါ်နန်းထားကြည် ( ရွှေလိပ်ပြာစတီးရောင်းဝယ်ရေး ) မိသားစုတို့က ၂၅-၉-၂၀၁၂ နေ့တွင် ကျရောက်သော ဦးမောင်မောင်ဝင်း ၏ မွေးနေ့အကြိုအလှူ အဖြစ် ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊
ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့ကို နေ့ဆွမ်းအာဟာရ ကျွေးမွေး
လှူဒါန်းရန် အတွက် အလှူတော်ငွေ ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကျပ်။
ဆင်ဖြူချပ်ပရဟိတနှင့်
ဘကကျောင်းရှိ မိန်းကလေးများအတွက် အပ်ချုပ်သင်တန်းကျောင်းဆောက်လုပ်ရာ၌
အသုံးပြုရန် အလှူတော်ငွေ ၅၀၀၀၀ (ငါးသောင်း)ကျပ် နှင့် စတီးရေခွက် အလုံး (၅၀၀) တို့ကို လှူဒါန်းပါသည်။
ဖြူစင်မေတ္တာသူငယ်ချင်းများ စုပေါင်းအလှူ (၁၆-၉-၂၀၁၂)
မန္တလေးမြို့ ဖြူစင်မေတ္တာ သူငယ်ချင်းတစ်စုမှ စုပေါင်း၍ ဆင်ဖြူချပ်ပရဟိတနှင့်ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အား -----
(၁) နေ့ဆွမ်းအာဟာရအတွက် အလှူငွေ ၁၅၀၀၀၀ ( တစ်သိန်းငါးသောင်း)ကျပ် ။
(၂) ကျောင်းသားကျောင်းသူတို့ အဖြူ၊အစိမ်း ၀တ်စုံအတွက် ပိတ်စ ကိုက်(၆၀၀) ၊တန်ဖိုးငွေ
၃၄၅၀၀၀(သုံးသိန်းလေးသောင်းငါးထောင်)ကျပ် ။
(၃) ပညာရေးပဒေသာပင်အတွက် ၃၀၀၀၀၀ (သုံးသိန်း)ကျပ် ။
(၄) သင်္ကန်းဒွိစုံ (၁)စုံ တို့ကို လှူဒါန်းပါသည်။
ထို့နောက် ဦးသိန်းထွန်း+ဒေါ်ကြည်ညွန့် မိသားစုကလည်း ပညာရေးပဒေသာပင်အတွက် ၂၀၀၀၀(နှစ်သောင်း) ကျပ်ကို လှူဒါန်းပါသည်။
မိခင်ကြီးဒေါ်ခင်ညိုနှင့် အမကြီးဒေါ်ဆွေဆွေတို့အား ရည်စူးအလှူ(၁၆-၉-၂၀၁၂)
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာအနောက် ရပ်ကွက် (၈၆)လမ်း ၊ ၃၈x၃၉ လမ်း ကုက္ကိုစုရပ် မိခင်ကြီး ဒေါ်ခင်ညိုနှင့် အမကြီးဒေါ်ဆွေဆွေတို့အား ရည်စူး၍ သား၊သမီး၊မြေး၊မြစ် မိသားစုတို့က
(၁) ဝေယျာဝစ္စ အသုံးပြုရန် အတွက် အလှူတော်ငွေ ၅၃၀၀၀၀ (ငါးသိန်းသုံးသောင်း) ကျပ်
(၂) သင်္ကန်းဒွိစုံ (၁၁)စုံ တို့နှင့် အခြားလှူဖွယ် ၀တ္ထုများကို လှူဒါန်းကြပါသည်။
မြတ်သီရိစံ၊ စန်းသီရိစံ ညီမနှစ်ဦးတို့ ၏ မွေးနေ့အလှူ (၂၀-၉-၂၀၁၂)
မန္တလေးမြို့ ၈၂ x ၈၃ လမ်းကြား ၄၃လမ်းနှင့် ကိုရှောင်လင်း+မစံစံ (သမီး) မြတ်သီရိစံ၊ စန်းသီရိစံ မိသားစုတို့မှ မမြတ်သီရိစံ (၅)နှစ်ပြည့် မွေးနေ့နှင့် မစန်းသီရိစံ(၂) နှစ်ပြည့်မွေးနေ့၌ ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့ကို နေ့ဆွမ်းအာဟာရ ကျွေးမွေး လှူဒါန်းရန် အတွက် အလှူတော်ငွေ ၂၀၀၀၀၀ (နှစ်သိန်း) ကျပ် ၊ ဝေယျာဝစ္စ အသုံးပြုရန် အတွက် အလှူတော်ငွေ၁၀၀၀၀၀ (တစ်သိန်း)ကျပ် တို့ကို လှူဒါန်းပါသည်။
မောင်မျိုးအာကာကျော် ၏ (၁၂)နှစ်ပြည့် မွေးနေ့အလှူ (၂၁-၉-၂၀၁၂)
ကျောက်ဆည်မြို့ အရှေ့ အေးမြကြည်လင်ရပ် ဦးဝင်းကျော်ဦး+ဒေါ်လှမျိုးနွယ် တို့၏သား မောင်မျိုးအာကာကျော် ၏ (၁၂)နှစ်ပြည့် မွေးနေ့၌ ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့ကို နေ့ဆွမ်းအာဟာရ ကျွေးမွေး လှူဒါန်းပြီး မုန့် ခဲဖွယ်များကိုလည်း ဝေငှကုသိုလ် ပြုကြပါသည်။
ထို့အပြင် မောင်ပိုင်မျိုးကျော်၊မောင်နိုင်မျိုးဇော်၊ မောင်မျိုးအာကာကျော် ညီအကိုတစုကလည်း ပညာရေးပဒေသာပင်အတွက် အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ် စိုက်ထူကြပါသည်။
ဒေါ်တင်တင်လှိုင် ရည်စူးအလှူ (၂၂-၉-၂၀၁၂)
မန္တလေးမြို့ အောင်တော်မူရပ် ကွယ်လွန်သူ ဒေါ်တင်တင်လှိုင်အားရည်စူး၍ ကျန်ရစ်သူ မိသားစုတို့က ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့ကို သင်္ကန်း ဒွိစုံ (၅)စုံ ၊ ဆပ်ပြာမှုန့်အိတ်ကြီး (၂)အိတ်၊ ကလေးအ၀တ်စုံ (၅၀၀)စုံတို့ကို လှူဒါန်းပါသည်။
မမိုးပွင့်ဖြူ (၁၉)နှစ်ပြည့် မွေးနေ့အလှူ (၂၂-၉-၂၀၁၂)
ကျောက်ဆည်မြို့ ကံဦးရပ် ကွယ်လွန်သူ ဦးယုံဖွားအားရည်စူး၍ မိခင်ကြီး ဒေါ်ကွေးလှိုင် ကို အမှူးထားပြီး ဦးခင်မောင်+ဒေါ်မြင့်မြင့်အေး တို့၏(သမီး) မမိုးပွင့်ဖြူ၏ (၁၉)နှစ်ပြည့်မွေးနေ့၌ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့ကို နေ့ဆွမ်းအာဟာရ ကျွေးမွေး လှူဒါန်းရန် အတွက် အလှူတော်ငွေ ၁၅၀၀၀၀(တစ်သိန်းငါးသောင်း)ကျပ် လှူဒါန်းပါသည်။
ဒေါ်ကြည်မိသားစုအလှူ (၂၂-၉-၂၀၁၂)
မန္တလေးမြို့ ရှမ်းဝိုင်းရပ်နေ ဒေါ်ကြည်မိသားစုတို့က ဆင်ဖြူချပ်ပရဟိတနှင့် ဘကကျောင်းရှိ ရှင်သာမဏေ၊ သိက္ခာရှင်၊ ကျောင်းသားကျောင်းသူ (၄၆၅) ဦး တို့အား
(၁) နေ့ဆွမ်းအာဟာရ အတွက် အလှူတော်ငွေ ၁၅၀၀၀၀(တစ်သိန်းငါးသောင်း)ကျပ်
(၂) ဆွမ်းဆန်တော (၃)ပိုင်း ၊ကုလားပဲဆံ (၁)ပိုင်း
(၃) ဆီတစ်ပုံး
(၄) ဆားတစ်အိတ်
(၅) ဗလာစာအုပ် ဒါဇင် (၄၀)
(၆) ခဲတံ ဒါဇင် (၄၀) တို့ကို လှူဒါန်းပါသည်။
17.9.12
ဆောင်ပုဒ်များ
ဘာသာ၊ တိုင်းပြည်၊ လူမျိုးတို့၏ အရင်းအမြစ် မျိုးဆက်သစ် ။ မျိုးဆက်သစ်တို့ ပွင့်လန်းဖို့ ငါတို့ ပါဝင်ကူညီစို့။
ပရဟိတ ဟူသည် သူတစ်ပါး၏ လိုအပ်ချက်၊ အခက်အခဲများကို ပြေလည်အောင်ဖြေရှင်းပေးခြင်းကိုခေါ်သည်။
ထို့ကြောင့် ပရဟိတလုပ်မည်ဆိုပါက အခက်အခဲပြဿနာကြုံခြင်းကို မစိုးရိမ် မကြောက်ရွံ့ပါနှင့်။
ပရဟိတလုပ်မည်ဆိုပါက ၀ါသနာပါ ရုံနှင့်မပြီး၊ အများအတွက် အကျိုးရှိမည်ဆိုပါက အရေးကိစ္စတိုင်း၌ မိမိက အနစ်နာခံနိုင်စွမ်းရှိရမည်။
Subscribe to:
Posts (Atom)